17 December, 2014

နတ်တလင်းမြို့နယ် ရေမွှေးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား




နတ်တလင်း ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အနောက်ဘက် တာပွန်နယ်မြေ မီးသတ် စခန်းနှင့် ခုနစ်မိုင်ကျော် ကွာဝေးသော ရေမွှေးကျေးရွာ တောင်ပိုင်း၌ ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီခွဲက ဦးကိုစိုး (၅၈ နှစ်)နေအိမ်မီးဖိုမှ ထမင်းချက်ရာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ အပေါ့စားမီးသတ် စက်သုံးလုံးဖြင့် ၎င်းပတ်ဝန်းကျင်ပြည်သူများက ဝိုင်းဝန်းငြိှမ်းသတ် ကြ၍ ၁၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် လူနေအိမ်သုံးလုံး မီးလောင် ဆုံးရှုံးသွားပြီး တာပွန်နယ်မြေမီးသတ် စခန်းနှင့် ရဲစခန်းတို့မှ စခန်းမှူး ရဲအုပ်အောင်နိုင်ဝင်းနှင့်အဖွဲ့ မီးသတ် စခန်းခွဲတာဝန်ခံ ဝေယံထွဋ်နှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးသင့် ပြည်သူများ နေထိုင်ရေး၊ စားသောက် ရေးတို့အတွက် ကျေးရွာအုပ်ချုပ်ရေး မှူး ဦးနန်းပု၊ ကျေးရွာအထောက်အကူ ပြု ကော်မတီများနှင့်အတူ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ မီးလောင်မှုဖြစ်ပွားသည့် အိမ်ရှင်ဦးကိုစိုးအား မီးပေါ့ဆမှုဖြင့် အရေးယူထားကြောင်း သိရသည်။

တင်မြင့်(နတ်တလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 comments: